Conceptual Skills
အဖွဲ့အစည်း (လုပ်ငန်း) တစ်ခုကို ဦးဆောင်ပဲ့ကိုင်မယ့်သူမှာ အရေးအပါဆုံး ရှိရမယ့် အရည်အချင်းက Conceptual Skill ဖြစ်ပါတယ်..။ လုပ်ငန်းကျွမ်းကျင်တာဟာ လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒါ ခပ်ငယ်ငယ် supervisor အဆင့်လောက်မှာ ဖြည့်ဆည်းရတာပါ..။ အဲဒီ ကျွမ်းကျင်မှု ကို မူတည်ပြီး ဒုတိယတန်း ခေါင်းဆောင် ဖြစ်လာပြီဆိုရင် Human Skill လို့ ခေါ်တဲ့ Interpersonal Skill လိုလာပါပြီ..။ Supervisor လောက်မှာ လုပ်ငန်းသဘာဝအရ ကိုယ့်လက်အောက်ငယ်သားတွေကို ဆူပူဖို့ ကြိမ်းမောင်းဖို့ လိုကောင်းလိုပါမယ်..။ သူ့ရဲ့ ဦးတည်ချက်ဟာ အလုပ်ပြီးမြောက်ရေး တစ်ခုသာဖြစ်တဲ့ အတွက် တွန်းတွန်းတိုက်တိုက်လဲ ပြော.. ကိုယ်တိုင်လဲ အနီးကပ်ကြီးကြပ် ဆိုတာ လုပ်ရပါတယ်..။ အဲဒီ အဆင့်ရောက်ဖို့ကလည်း Supervisory Skill Training တက်ပြီးမှ ဖြစ်နိုင်တာပါ..။
အဲဒီကနေတဆင့်မြင်လာပြီး Assistant Manager လောက် ရောက်ပြီဆိုတာနဲ့ Management Training တစ်ခုခုကို မဖြစ်မနေ တက်ဖို့ လိုလာပါပြီ.။ Management Training တက်ဖို့မှာ ကိုယ့်ရဲ့ ပညာရေး နောက်ခံက အရေးပါလာပါပြီ.။ ပညာရေးနောက်ခံ နည်းပါးသူတို့ အတွက် အခက်အခဲရှိနိုင်ပါတယ်..။ Management Training ပြီးမြောက်တဲ့ အခါမှာ Middle Management ရဲ့ အငယ်ဆုံး ရာထူးဖြစ်တဲ့ Assistant Manager ရာထူးကို မျှော်လင့်နိုင်ပါပြီ..။ အဲဒီမှာ Interpersonal Skill ကို သင်ယူလေ့ကျင့်ပျိုးထောင်ရတာပါ..။ လူတွေနဲ့ ဘယ်လို ဆက်ဆံရမယ် ဆိုတာကို သင်တန်းမှာကော အလုပ်ခွင်မှာပါ သင်ယူရပါတယ်..။ အဲဒီကနေမှာလုပ်သက်ကလေး ရလာတဲ့ အခါ Deputy Manager အဲဒီကမှ တဆင့် ဋ္ဌာနတစ်ခုကို ဦးဆောင်စီမံရတဲ့ Manager ဆိုတာ အဆင့်ဆင့် တက်ယူရတာပါ..။ Management Pipeline ထဲကို စရောက်လာတဲ့ မန်နေဂျာအလောင်းအလျာဟာ အပြောအဆို အနေအထိုင် အဝတ်အစား အစစ အရာရာ ပြောင်းလဲ ရပါတယ်..။ ပထမဆုံး ပြောင်းရတာက စိတ်နေစိတ်ထားပါ..။ သင်ယူလိုစိတ် အပြည့်ရှိရပါတယ်..။ ဝန်ဆောင်မှု ကဏ္ဍ မှာ တာဝန်ယူရမယ် ဆိုရင် ကျိုးကျိုးနွံနွံ ရှိအောင် လေ့ကျင့်ယူရပါတယ်..။ ပြီးတော့ Communication Skill တို့ Presentation Skill တို့ကို သေသေချာချာ သင်ယူရပါတယ်..။ နေရာတစ်ခုကို ရာထူးတံဆိပ်တပ်ပြီးရောက်သွားရုံနဲ့ အကုန် တတ်သွားပြီး ချက်ချင်းတာဝန်ယူနိုင်တာမျိုး မဟုတ်ပါဘူး..။ Management Pipeline ထဲမှာ ဖုတ်သွင်းရထား မရှိပါဘူး..။ ရာထူး အဆင့်ဆင့်ကို ကာလ အတိုင်းအတာ တစ်ခုအထိ တာဝန်ယူ ထမ်းဆောင်ရာမှာ သင်ယူမှု အမျိုးမျိုုး ကို သင်ယူရပါတယ်..။
ဋ္ဌာနမှူး အဆင့် (Executive Level) ရောက်ပြီ ဆိုရင် ကိုယ့်ကိုယ်ကို ပြန်တမ်းဝင် အရာရှိတစ်ယောက်လို ခံယူနိုင်ရပါမယ်..။ နိုင်ငံ့ဝန်ထမ်း နယ်ပယ်မှာတော့ အဲဒီ အဆင့်ကို selection Grade လို့ခေါ်ပြီး Gazetted Officer ထက် အဆင့်မြင့်ပါတယ်..။ ပုဂ္ဂလိက လုပ်ငန်း နယ်ပယ်မှာတော့ Executive Officer လို့ ခေါ်ပါတယ်..။ အဲဒီ အဆင့်ကို ရောက်တာနဲ့ နောက်ထပ် သင်ယူရမှာက Conceptual Skill ပါ..။ ကိုယ်ဆုံးဖြတ်ရမယ့် အရာရာတိုင်းကို Conceptual Skill နဲ့ ချိန်ထိုး ကြည့်ရပါတယ်..။ Conceptual skill ကို အဆင့်မြင့် စီမံခန့်ခွဲရေးသင်တဲ့ ကျောင်းတွေမှာ သင်ယူနိုင်သလို ကိုယ်ကိုယ်တိုင် စာဖတ်အား ကောင်းရင်လဲ စာအုပ်စာတမ်းတွေ ကတဆင့် သင်ယူလေ့ကျင့်နိုင်ပါတယ်..။ အဲဒီ ကျွမ်းကျင်မှုကို ရဖို့ အချိန် ကာလ အတိုင်းအတာကို တော့ ကိုယ့်ရဲ့ Capacity နဲ့ပဲ ချိန်ဆ ဖြည့်ဆည်းရတာပါ..။ ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှစ်နှစ် သင်ပြီးရင် ရပြီ ဆိုတာမျိုးမဟုတ်ပါဘူး..။ Conceptual Skill မြင့်လာလေလေ Problem Solving ဆိုတဲ့ ပြသနာ ကို ဖြေရှင်း နိုင်စွမ်း နဲ့ Decision Making Skill ဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်း မြင့်လာလေလေ ဖြစ်ပါတယ်..။
Conceptual skill မြင့်တဲ့ ခေါင်းဆောင်နားမှာ ဝန်ထမ်းတွေ ပျော်ပါတယ်..။ သူတို့ မျက်နှာတွေ ရွှင်ပြနေတတ်ကြပြီး သူတို့အလုပ်ကို သူတို့ အကောင်းဆုံး လုပ်ကြပါတယ်..။ အဲဒါဟာ မြင်သာတဲ့ အခြေအနေပါ..။ Conceptual skill နိမ့်တဲ့ ခေါင်းဆောင် နားကို ဘယ်ဝန်ထမ်းမှ မသွားချင်ပါဘူး.။ အလုပ်ကိုလဲ တတ်နိုင်သလောက် ခိုကပ်ကြပါတယ်..။ တစ်ယောက်နဲ့ တစ်ယောက် တွက်ကပ်ကြပါတယ်..။ ခေါင်းဆောင်ရဲ့ကွယ်ရာမှာ အေးအေးလူလူ အပူအပင်မရှိပဲ နေတတ်ကြပါတယ်..။ ခေါင်းဆောင်ရဲ့ ရှေ့မှာ အလုပ်များယောင် ဆောင်ကြပါတယ်..။ တကယ်တော့ ဘာမှ မလုပ်ပါဘူး..။ အသိသာဆုံးအချက်က Conceptual Skills နိမ့်ပါးတဲ့ ခေါင်းဆောင် လက်ထက်မှာ staff turnover များတတ်ပါတယ်..။ ဦးဆောင်သူမှာ Conceptual Skill ရှိမရှိ ဆိုတာကို အသိဆုံးက သူ့ဝန်ထမ်းတွေပါပဲ..။ ဒါကြောင့်မို့ လုပ်ငန်း တစ်ခု .. အဖွဲ့အစည်း တစ်ခုကို ခေါင်းဆောင်တဲ့သူမှာ Conceptual skill ရှိ မရှိ ဆိုတာကို သူ့ပတ်ဝန်းကျင်.. သူ့လက်အောက်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ငယ်သားတွေ ဆင်ခြေဘယ်လောက် များသလဲ .. တာဝန်ဘယ်လောက်ကြေသလဲ.. ဝန်ထမ်းနုတ်ထွက်မှုဘယ်လောက်များသလဲ ဆိုတဲ့ ပေတံ တွေနဲ့ အလွယ်တကူ တိုင်းတာလို့ ရပါတယ်..။ ၂၁ ရာစုဟာ Conceptual age ဖြစ်ပါတယ်..။ ခေါင်းဆောင်မှာ Conceptual Skills အားနည်းရင် အဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်း အတွက် ပြိုင်ဆိုင်ကြရာမှာ.. အခက်တွေ့နိုင်ပါတယ်...။
(မှတ်ချက်။ ။နိုင်ငံ့ဝန်ထမ်းတွေမှာ Executive Level ကို Selection Grade လို့ခေါ်ပြီး Conceptual Level ကို ပဋိဉာဉ်ခံ ဝန်ထမ်းလို့ ခေါ်ကြောင်း ဆရာကြီး ဦးကြည်မင်း Kyi Min မှ ဖြည့်စွက်ပေးပါတယ်.. ကေ ျးဇူး ကြီးလှပါတယ် ဆရာကြီးခင်ဗျား).........
.............
<Zawgyi>>
(မှတ်ချက်။ ။နိုင်ငံ့ဝန်ထမ်းတွေမှာ Executive Level ကို Selection Grade လို့ခေါ်ပြီး Conceptual Level ကို ပဋိဉာဉ်ခံ ဝန်ထမ်းလို့ ခေါ်ကြောင်း ဆရာကြီး ဦးကြည်မင်း Kyi Min မှ ဖြည့်စွက်ပေးပါတယ်.. ကျေးဇူး ကြီးလှပါတယ် ဆရာကြီးခင်ဗျား).........
Crd>>
ကောင်းလွန်း (၁၂.၂.၂၀၁၆)
ကောင်းလွန်း (၁၂.၂.၂၀၁၆)